SUSHI 壽司

let's go .....

Free Image Hosting at allyoucanupload.com

မင်းကိုချစ်တယ်

星期日, 5月 20, 2007

Sunday Dairy

ဒီနေ့မိုးတနေကုန်ရွာတယ် ခုထိ မတိတ်သေးဘူး ၊ ဒီလိုတနေကုန် ရွာတာဒီကနှစ် ပထမဆုံးတစ်ခေါက်လို့ဆိုရမလို ဖြစ်နေပြီ ၊ ဟိုစမ်းစမ်း ဒီစမ်းစမ်းနဲ့ကျောင်းသားများနားနေဆောင်ရဲ့၈ထပ်ကနေ အဝေးကိုမျှော်ကြည့်မိတယ်အင်း ကျွန်တော်ထင်တယ် အဲဒီအရပ်ဘက်မှာ ကျွန်တော့် မွေးရပ်မြေရှိတယ်မိုးရွာထားတော့ ဒီလိုစက်ရုံတွေများတဲ့နိုင်ငံရဲ့ ဟင်းလင်းပြင်တစ်ခွင်လုံးတောင်ခါတိုင်းထက် ကြည်လင်နေတယ်ပေါ့ ဟိုမိုးကုပ်စက်ဝိုင်းရဲ့အဆုံးကိုတောင် ရေးရေးလေးမြင်ရသလိုလို၊ တစ်မြို့လုံး ရဲ့ညရှုခင်းကို အပေါ်ကနေကြည့်ရတာ ဟိုးမန္တလေးနေပြည်တော်ကြီးကို မန္တလေးတောင်ပေါ်ကနေကြည့်ရတဲ့ အလှလောက်မမှီတာတော့ မုချဧကန်ဘဲ အဲဒီညအလှကို အင်တာနက်ပေါ်မှာတင်ထားတဲ့ ပုံမှာတစ်စိမ့်စိမ့် ခံစားရင်း ခံစားရင်း .... ခူး ...... ခလော....အိပ်ပျော်သွားတယ်ဆိုဘဲ

နောက်ဆုံးပုံကို ကိုသခင်ကြီးဆီကကူးထားတာပါ







標籤: , , ,

星期二, 5月 15, 2007

Noodle Alarm

ခေါက်ဆွဲပြုတ် အချိန်မှတ်ကိရိယာ
ယမ်ယမ်ချဉ်စပ်ဘဲဖြစ်ဖြစ် ၊ မာမီးခေါက်ဆွဲဘဲဖြစ်ဖြစ် ပြုတ်ခြင်ရာပြုတ် အချိန်မှတ်ပေးလိုက်တာနဲ့ ခေါက်ဆွဲပူပူနွေးနွေးစားရမှာဖြစ်သလို အပြုတ် လွန်သွားလို့ ပျော့ဖတ်ဖတ် ခေါက်ဆွဲစားနေရတဲ့ဘ၀သံသရာက လွှတ် မြောက်နိုင်ပါစေ


[download]

標籤:

星期一, 5月 14, 2007

Mother Day

ဒီကနေ့အမေများနေ့ အိမ်ကိုဖုန်းမဆက်တာတောင်ကြာပြီ ဘာဘဲဖြစ်ဖြစ်လေ တရုတ်သီချင်းတစ်ပုဒ်နဲ့ ကမ္ဘာမှာရှိတဲ့ အမေများကို ဂုဏ်ပြုလိုက်ပါတယ် တလောကလုံးရှိတဲ့အမေအားလုံး အတူတူဘဲ

[download]

星期四, 5月 03, 2007

YouTube speedbit


Youtube ကြည့်တဲ့ချိန် မှာတစ်ထစ်ထစ် ဖြစ်ပြီး ဖီးမလာဘူးဆိုရင် ဒီကောင်ကြီးကို install လုပ်လိုက် အဆင်ပြေသွားပါ လိမ့်မယ်

[download]

標籤: , ,

အပေါ်သို့