SUSHI 壽司

let's go .....

Free Image Hosting at allyoucanupload.com

မင်းကိုချစ်တယ်

星期三, 12月 13, 2006

有趣的一首歌

အတိတ်ကို ဖော်သော - အရိုး

မင်းဓါတ်ပုံလေး ရှေ့ချပြီးတော့
ယောင်လည်လည်နဲ့ ထိုင်ကြည့်မိတယ်
မောင့်အတွက် ထာဝရ “မ”တဲ့
လက်ရေးစုတ်နဲ့ နင်ရေးပေးတယ်
နင့်ရဲ့ဆံပင်လည်း တိုသေးတယ်
မျက်နှာမှာလည်း ၀က်ခြံများနဲ့
Eye Shadow များ အပြည့်ချယ်ထားတယ်
မျက်လုံးတွေကို မနည်းရှာရတယ်
အချိန်တွေကုန်တာ မြန်လွန်းတယ်
ဆယ်စုနှစ်တစ်ခုဟာ မကြာလိုက်သလိုပဲ
ကာလာမစုံပါအဖြူအမည်းနဲ့ ဒီဓါတ်ပုံလေး
နင်ရိုက်ပေးခဲ့တယ်...


ဝက်သားဒုတ်ထိုး အတူသွားစားတယ်
ပိုက်ဆံမလောက်လို့ ထွက်ပြေးဖူးပါတယ်
နင့်ရဲ့အဖေကြီး ငါနဲ့မတည့်ပါ
ကားပေါ်ကနေ ကန်ချဖူးပါတယ်
ခိုးပြေးခါနီး ငါဝမ်းသွားတယ်
အိမ်သာထဲကဆုတောင်း ငါ့ကို ခွင့်လွှတ်ပါကွယ်
ပါးသုံးခါဆင့် နင်ရိုက်ခဲ့တယ်
ငါ့အပြစ်နဲ့ ငါမို့ ဘာမှ မပြောရဲပါတယ်
အိမ်ကိုအပြန်မှာ ပတ်တီးနဲ့
နင့်လက်သံက တကယ်ပဲ ပြင်းလွန်းပါတယ်
နင်မင်္ဂလာဆောင်တာ လာဖိတ်တယ် ဒန်ပေါက်နဲ့ ကြက်သား
ငါသွားစားခဲ့တယ်...


နောက်ကြောင်းပြန်ရင်း စပ်ဖြီးဖြီးနဲ့
အတိတ်ကိုတွေးရင် ရုပ်ရှင်ကြည့်ရသလိုပဲ
နင့်ဓါတ်ပုံလေး ပြန်သိမ်းတော့မယ်
ငါ့မိန်းမကိုလည်း ငါကြောက်ရပါတယ်
အချိန်တွေကုန်တာ မြန်လွန်းတယ်
ဆယ်စုနှစ်တစ်ခုဟာ မကြာလိုက်သလိုပဲ
ကာလာမစုံပါအဖြူအမည်းနဲ့ ဒီဓါတ်ပုံလေး
ငါရိုက်ပေးခဲ့တယ်...


[download]

標籤: , , , ,

0 Comments:

張貼留言

<< Home

အပေါ်သို့