SUSHI 壽司

let's go .....

Free Image Hosting at allyoucanupload.com

မင်းကိုချစ်တယ်

星期三, 9月 12, 2007

Thar Soe - Nobody like



ဘုရားမကြိုက် တရားမကြိုက်

လိမ်နေတဲ့ လူတွေမျက်လုံး ကျွန်တော်သိတယ် ကျွန်တော်ကြည့်တယ်
ညာနေတဲ့ လူတွေပါးစပ် ကျွန်တော်တွေ့တယ် ကျွန်တော်မမေ့တယ်
ယုတ်မာတဲ့ လူတစ်ချို့က အပုပ်မစားဘူး ကောင်းတာစားတယ်
ကောင်းတာစားတိုင်း မယုတ်မာပါဘူး သူတောင်းစားတိုင်းတောင်းမစားဘူး
မစားဖူးဘဲ မကြားဖူးဘဲ လူတိုင်းပြောတာ သိပ်မယုံပါနဲ့
မသွားဖူးဘဲ မလာဖူးဘဲ ကြားဖူးနားဝ လျှောက်မဖြီးပါနဲ့
မသိသေးဘဲ မတတ်သေးဘဲ တတ်ချင်ယောင် ဟန်မဆောင်နဲ့
လိမ်နေတာကို ဘယ်သူမှ မသိဘဲ ကိုယ့်ကိုယ်ကိုတော့ ကိုယ်သိပါတယ်
လူတချို့က မချို မချဉ် မစပ် အနေတော်ကို စားချင်ကြတယ်
လူတချို့က ချဉ်ချဉ်စပ် ရှုးရှုးရှဲရှဲ စားချင်ပြန်တယ်
လူတချို့ကြ ချိုချဉ်စပ် အရသာစုံကို ကြိုက်နေ ပြန်တယ်
အကြိုက်ချင်းမတူ သိကြားမင်းတောင် ဆင်းမကူနိုင်ဘူး ခင်ဗျားတို့သိတယ်
ဒီကျွဲကပိန်နေလိုက်တာ ဟိုနွားကဝလွန်းပြန်တယ်
ဒီကားကသိပ် အဆင်မပြေဘူး ဒီနေရာမှာ မနေချင်ပြန်ဘူး
ဒီအဝတ်ကဝတ်လို့မကောင်းပါ ဒီဖိနပ်က စီးလို့မတော်ပြန်
လောဘနဲ့ မောဟကြောင့် လူတွေက ဘယ်တော့မှ အဆင်မပြေ
တစ်ကမ္ဘာလုံးမှာ .......................
ပြီးရင်တော့ ဘုရားရှိခိုး အမှားကိုမြင် အမှန်ကိုပြင်မလို့
အမှန်တွေချည်း လုပ်ပြန်ရင်လည်း လူမို့လို့ အမှားကမကင်း
အမှားမကင်းဘဲ လူဖြစ်ခဲ့တော့ အမှားတွေလုပ် အာပတ်ဖြေပေါ့
chorus:
စကားတစ်ခွန်းတော့ ပြောချင်နေ နားထဲမှာ ကြားယောင်လေ
နားထဲမှာကြားယောင်ပြီးတော့ ပြောတဲ့စကားကို မလုပ်နဲ့လေ
လုပ်လိုက်ပါ ဟုတ်တာမှန်တာ မဟုတ်တာ မမှန်တာ ဘုရားမကြိုက်ပါ
ဘုရားမကြိုက် တရားမကြိုက်တဲ့ မဟုတ်တာ မမှန်တာ မလုပ်ကြပါနဲ့ repeat1
ဘုရားမကြိုက်တဲ့ တရားမကြိုက်တဲ့ မဟုတ်မှန်တာကို လုပ်နေကြတယ်
ဘုရားမကြိုက်တဲ့ တရားမကြိုက်တဲ့ မကောင်းတာကို လုပ်ကိုင်ကြတယ်
ဘာဖြစ်လို့လုပ်ကိုင်ကြလဲ ဘုရား တရားက ဘာလို့မကြိုက်လဲ
စဉ်းစားရင်း တွေးကြည့်တော့ လူတွေကကြိုက်နေလို့လား
ကြိုက်နေတဲ့ လူတွေထဲ ကျွန်တော်ပါသလား မသိချင်ပါနဲ့
ကြိုက်နေတဲ့ လူတွေထဲ ခင်ဗျားတို့ပါသလား ကျွန်တော်မသိချင်ဘူး
လောကမှာ လူဖြစ်ကတည်းက ကိုယ့်ခြေထောက်ကိုယ်ရပ် အရွယ်ရောက်ပြီး
ကိုယ့်အတွေး ကိုယ်နေ လူတန်မတူ ကိုယ်လုပ်ချင်တာ ဖြစ်အောင်လုပ်နေ
လုပ်ချင်တာကိုလုပ်တိုင်းလည်း မိုက်ရိုင်းပြီး သွားမထိခိုက်နဲ့
လုပ်တာက ဟုတ်လား မဟုတ်လား မဟုတ်လား ဟုတ်လား ဂရုမစိုက်နဲ့
လူတွေပြောတာ ဟုတ်သလို မဟုတ်သလို အတွေးတွေဝေဝါး ကြိုးတွေရှုပ်လို့
ဖြတ်ပစ် နောက်တဆင့် ဓားတစ်ချောင်း ကိုသွေး ပတ်ပတ်လည်လှီးပြီး အားလုံးကိုရှင်းပစ်
ဆရာတစ်ချို့ ကဆုံးမ ....................
တချို့ချို့တွေ ကမိန့်ခွန်းချွေ ...............
မိဘတွေကလဲ ဆုံးမတတ်တယ် မင်းတို့ကောင်းဖို့ ဆုံးမတာပါ
ကျွန်တော်တစ်ခုတော့ မေးချင်ပါတယ် ကိုယ့်မျက်ချေး ကိုယ် မြင်ကြပါသလား
chorus end

標籤:

3 Comments:

At 8:49 下午, Anonymous 匿名 said...

Please pass this on.

Gather up lots of food in the coming days and organize everyone not to go to work (that means everyone). Tell the protest leaders.

 
At 8:49 下午, Anonymous 匿名 said...

Please pass this on.

Gather up lots of food in the coming days and organize everyone not to go to work (that means everyone). Tell the protest leaders.

 
At 5:17 下午, Blogger အိုးဝေအောင် said...

http://oway8888.blogspot.com/2008/05/sushi.html

 

張貼留言

<< Home

အပေါ်သို့