Myo Kyawt Myaing - Chit Thu
V1 ဘယ်အချိန်ခါမဆို ထာဝစဉ်ပြုံးရွှင်နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင်သူလည်းပျော်တယ် ကိုယ်ငိုရင်သူလည်းငိုမယ်
တစ်ခါတစ်လေများ အပြင်ပြဿနာတွေယူလာမိသူစိတ်မချမ်းသာအောင်
Cho: (ပြန်လည်တွေးတိုင်းသနားလို့လာတယ် ဘယ်သူနဲ့မှမတူဘူး ဟူးဟူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်ခွင့်လွတ်ရင်း
အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ)
V2 ဘယ်အခါမဆို ကိုယ့်အနားမှာ အစဉ်ရှိတဲ့ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုချစ်လာလေ တစ်ကယ်ပြည့်ဝလွန်းတဲ့သူရယ်
သူပျော်ဖို့ရှေ့တန်းတင်မယ် ဒီသီချင်းလေးနဲ့ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ ဘဝမျိုးမှာ အတူနေနိုင်ဖို့ ကိုယ်လေကြိုးစားမယ်
Cho: (ဒီသီချင်းလေး သူ့အတွက်ဆိုမယ် ကြင်နာတတ်တဲ့သူ့အကြောင်းလေးတွေ
ပြန်လည်တွေးတိုင်းသနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး ဟူးဟူး
အနိုင်ယူမိတဲ့ ကိုယ့်တစ်ယောက်ကိုကွယ် ခွင့်လွတ်ရင်း
အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ)
ဒီသီချင်းလေးကို ၁၉၉၈~၉၉ခုနှစ်က ကျွှန်တော်အရမ်းကြိုက်ခဲ့တဲ့သီချင်းလေးပါ သီချင်းလေးရဲ့အနှစ်သာရကို ခံစားရင်း~~~
[download]