SUSHI 壽司

let's go .....

Free Image Hosting at allyoucanupload.com

မင်းကိုချစ်တယ်

星期四, 7月 19, 2007

Earth Quake

ဒီကနေ့ ထိုင်ဝမ်စံတော်ချိန် ၂နာရီလောက်မှာ ငလျင်တစ်ခု လှုပ်သွားကြောင်းပါ တည်နေရာ - Taiwan Chai-Yi National Chung Cheng University ဘယ်ညာခါ ငလျင် ၂ စက္ကန့်ကြာ

標籤: , , ,

星期日, 5月 20, 2007

Sunday Dairy

ဒီနေ့မိုးတနေကုန်ရွာတယ် ခုထိ မတိတ်သေးဘူး ၊ ဒီလိုတနေကုန် ရွာတာဒီကနှစ် ပထမဆုံးတစ်ခေါက်လို့ဆိုရမလို ဖြစ်နေပြီ ၊ ဟိုစမ်းစမ်း ဒီစမ်းစမ်းနဲ့ကျောင်းသားများနားနေဆောင်ရဲ့၈ထပ်ကနေ အဝေးကိုမျှော်ကြည့်မိတယ်အင်း ကျွန်တော်ထင်တယ် အဲဒီအရပ်ဘက်မှာ ကျွန်တော့် မွေးရပ်မြေရှိတယ်မိုးရွာထားတော့ ဒီလိုစက်ရုံတွေများတဲ့နိုင်ငံရဲ့ ဟင်းလင်းပြင်တစ်ခွင်လုံးတောင်ခါတိုင်းထက် ကြည်လင်နေတယ်ပေါ့ ဟိုမိုးကုပ်စက်ဝိုင်းရဲ့အဆုံးကိုတောင် ရေးရေးလေးမြင်ရသလိုလို၊ တစ်မြို့လုံး ရဲ့ညရှုခင်းကို အပေါ်ကနေကြည့်ရတာ ဟိုးမန္တလေးနေပြည်တော်ကြီးကို မန္တလေးတောင်ပေါ်ကနေကြည့်ရတဲ့ အလှလောက်မမှီတာတော့ မုချဧကန်ဘဲ အဲဒီညအလှကို အင်တာနက်ပေါ်မှာတင်ထားတဲ့ ပုံမှာတစ်စိမ့်စိမ့် ခံစားရင်း ခံစားရင်း .... ခူး ...... ခလော....အိပ်ပျော်သွားတယ်ဆိုဘဲ

နောက်ဆုံးပုံကို ကိုသခင်ကြီးဆီကကူးထားတာပါ







標籤: , , ,

星期五, 4月 27, 2007

Earth Quick

ထိုင်ဝမ်စံတော်ချိန် ၇နာရီ ၅မိနစ်လောက်မှာ ငလျှင်တစ်ခု လှုပ်သွား ကြောင်း ကျွန်တော့် တည်နေရာ - စာကြည့်တိုက် မြေအောက်ထပ် ၊ ထပြေးရ မလို ဖြစ်လိုက်သေး ဟူး ~~~

標籤: , , ,

星期日, 4月 22, 2007

錢包

မနက်၉နာရီလောက် ကျောင်းစာကြည့်တိုက်မှာ အလုပ်သွားမယ်ပြုတော့ စာပွဲပေါ် တင်ထားတဲ့ ပိုက်ဆံအိတ်ကိုစမ်းကြည့်လိုက်တော့ ဘယ်ရောက်သွားပါလိမ့် မနေ့ ကဒီစာကြည့်စာပွဲပေါ်တင်ထားတာပါ၊ ဟိုရှာဒီရှာကြည့်သည် မတွေ့ ခဏကြာတော့ တခြားအခန်းကလဲ ပိုက်ဆံအိတ်ပျောက်လို့တဲ့ ဒါဆိုသေချာသွားပြီ ငါအခိုးခံလိုက်ရပြီ ၊ တော်ပါသေးရဲ့ အထဲမှာကတ်တချို့ကလွဲလို့ပိုက်ဆံတပြားမှထည့်မထားတာ အဆုံးရှုံး သက်သာတယ်လို့ဆိုရမှာပေါ့ ၊ ရဲစခန်းကို ၅နာရီလောက်မှာသွားပြီးအကြောင်းကြားလို က်တယ် နောက်ကိုသတိထားမှ တော်ရာကျမယ် ၊ ကတ်တွေပြန်လုပ်ရင်ထိုင်ဝမ်ဒေါ်လာ အနည်းဆုံး ၁၀၀၀လောက်တော့ပြုတ်အုံးမှာ ဟူး .......

標籤: , ,

星期四, 1月 11, 2007

My School Holiday 2007

ထိုင်ဝမ်ဆောင်းကျောင်းပိတ်ရက်
ထိုင်ဝမ်တက္ကသိုလ်ကျောင်းတွေရဲ့ကျောင်းပိတ်ရက်က ကျွန်တော်တို့ရဲ့ပြည်မြန်မာ နဲ့မတူ ၊ သူတို့ရဲ့နွေကျောင်းပိတ်ရက်ကဇွန်လကုန်လောက်စပြီးစက်တင်ဘာလယ် ထိဖြစ်ပြီး ၊ ဒီဇင်ဘာကျောင်းပိတ်ရက်အဖြစ် ဇန်နဝါရီ၁၃ရက်လောက်ကစပြီး ဖေဖ ဝါရီ၂၆ရက်ထိ ဖြစ်တယ် သူတို့ကျောင်းတွေရဲ့ကျောင်းပိတ်ရက်က မြန်မာပြည် နဲ့ ယှဉ်လိုက်ရင် အရမ်းနဲတယ် အခုဇန်နဝါရီ၁၃ရက်ကစပြီး ဆောင်းကျောင်းပိတ်ရက် စတော့မယ်ဆိုတော့ ကျွန်တော်တို့မြန်မာပြည်ကကျောင်းသားတော်တော်များများ ကျောင်းလခ အတွက် အပြင်ထွက်အလုပ်လုပ်ကြရတယ် သနားစရာလည်းကောင်း တယ် သည့်ပြင်နိုင်ငံကကျောင်းသားတွေနဲ့ယှဉ်ရင်ပြောတာပါ ၊ ကိုယ့်ကျောင်း လ စာကိုယ်ရှာရတဲ့အထဲမှာ ကျွန်တော်လည်းပါတယ် ဒါကြောင့် လည်း တစ်လ ကျော် လောက်ဘလော့ဂ်ဝင်ရေးနိုင်မှာ မဟုတ်ဘူး ၊ သူများနိုင်ငံက ကျောင်းပိတ်ရက် ဆို အိမ်ပြန်ကြတယ် ကျွန်တော်တို့တော့ပြောရမယ်ဆို ဘဝသမားတွေပေါ့ ဒါပေမယ့် လည်းကိုယ်ထူကိုယ်ထနိုင်တဲ့ကျွန်တော်တို့တစ်စုကို တခါတလေလည်း ကိုယ့်ကိုယ် ကိုဂုဏ်ယူမိပါတယ် ကဲကျောင်းလခရှာဖို့အတွက်သွားရုန်းကန်ရတော့မယ့် အတွက် ကျောင်းဖွင့်မှပြန်ဆုံ ကြတာပေါ့ တာ့တာ......

標籤: , ,

星期三, 12月 27, 2006

Earth Quick

ထိုင်ဝမ် ငလျှင်
မနေ့၎နာရီလောက်ကပေါ့ဗျာကျွန်တော့ဘဝမှာတစ်ခါမျှမကြုံဖူးတဲ့ငလျှင်ကြီးတစ်ခုလှုပ်သွား တယ်၊ဖြစ်ချင်တော့ကျွန်တော်နေတဲ့ကျောင်းကငလျှင်ကျောပေါ်မှာ၊ကျောင်းဆောင်ကစုစုပေါင်း ၁၀ထပ်၊ကျွန်တော့အခန်းက၈ထပ်မှာ၊တခြားကျောင်းသားတွေပြေးသံတော့ကြားလိုက်တယ် ၊ကျွန်တော်မပြေးဖြစ်ခဲ့ပါ ဒူးတုန်တာကလွဲလို့ ဘာမှမတတ်နိုင်ဘူး.....

標籤: , , ,

အပေါ်သို့